ဆန်းဒါးလန်း-ယူနိုက်တက် ပွဲပြီးအတွေးများ...
ygn, ygnth, yangon, m9 slot, m9 asia, m9 games, YGN, YGNTH, slot, casino, Sport, sport YGN TH, Myanmar Game Streamer, Trusted Game Site Myanmar (ယုံကြည်စိတ်ချရသော ဂိမ်းဆိုက်), YGN Slot, Online Slot Myanmar, Streamer Big Win, Real Money Gaming, Football Betting Myanmar, Malay Odds (မလေးကြေး), Mix Parlay Myanmar (ဘောလုံးမောင်း, Body Betting (ဘောလုံးဘော်ဒီ), Online Betting Website, High Odds, Live Betting
ချန်ပီယံလိဂ်ဝင်ခွင့်သေချာပြီးဖြစ်သလို အဆင့်၃နေရာပါ သေချာသလောက်နီးပါးဖြစ်နေတော့ ယူနိုက်တက်အတွက် လက်ကျန်EPLပွဲတွေဟာ မှတ်တမ်းအရပဲ ကစားရသလို သဘောရှိပါတယ်...
လက်ကျန်ပွဲတွေမှာ ယူနိုက်တက်အတွက် ထူးထူးခြားခြားအာရုံစိုက်စရာဆိုလို့ ဘရူနိုရဲ့ ဂိုးဖန်တီးမှုစံချိန်တစ်ခုလောက်ပဲ ရှိနေတယ်။ သဘာဝကျစွာပဲ ဒီပွဲမှာ ယူနိုက်တက်ရဲ့ အသင်းလိုက်ကစားပုံက အတော်များများ အလျော့လေးတွေ ရှိခဲ့ပါတယ်...
မာဇာဝီ၊ မေဆန်မောင့်၊ အာမက်နဲ့ ဇာ့ခ်ဇီးတို့ ပွဲထွက်ခွင့်တွေ ရခဲ့ကြတယ်။ ဒါပေမယ့် သူတို့တွေ ရလာတဲ့အခွင့်အရေးကို အသုံးမချနိုင်ခဲ့ဘူးပဲ ပြောရမှာဖြစ်ပါတယ်။ သူတို့အပါအဝင် ဒီပွဲမှာ ယူနိုက်တက်ကစားသမားအများစု ပုံမှန်ခြေစွမ်းအောက်ကို သိသိသာသာ ရောက်နေခဲ့တယ်။ (ကျနော့်အမြင်) မက်ဂွိုင်းယား၊ လုခ်ရှောနဲ့ ဆန်နီလမ်မန်စ်တို့လောက်ပဲ ပုံမှန် ဒါမှမဟုတ် ပုံမှန်ထက်ပိုကောင်းတဲ့ စွမ်းဆောင်ရည်မျိုးကို ပြသနိုင်ခဲ့တယ်လို့ ယူဆပါတယ်။ ဆန်နီလမ်မန်စ်ကတော့ man of the matchပါပဲ...
မေဆန်မောင့် အတော်ကြိုးကြိုးစားစား ကစားသွားပေမယ့် သူဟာ double pivotနေရာမှာ ပွဲထွက်ကစားဖို့ ဘယ်လိုမှ အဆင်မပြေသေးဘူးဆိုတာလည်း အတော်လေးထင်ရှားခဲ့တယ်။ ဇာ့ခ်ဇီးလည်း အထောင်တိုက်စစ်မှာ အတော်လေးရုန်းကန်ခဲ့ရတယ်။ ပွဲဝေးနေတာက အရေးပါတဲ့ အကြောင်းရင်းတစ်ရပ်ဖြစ်နိုင်ပေမယ့် ယူနိုက်တက်lvကိုခဏထား၊ ပရီးမီးယားလိဂ်မှာ ကောင်းကောင်းပွဲထွက်ကစားနိုင်ရုံ ခြေစွမ်းအဆင့်မျိုးတောင် ဇာ့ခ်ဇီးဆီက သိပ်မမြင်ရဘူးဖြစ်နေပါတယ်။ ဒီအတိုင်းသာဆိုရင် လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ယူနိုက်တက်ကနေ သူထွက်ခွာရဖို့ များနေပြီး ဒီလိုခြေစွမ်းမျိုးနဲ့ ပြောင်းရွှေ့ကြေးကောင်းကောင်းမှ ပြန်ရပါ့မလား မေးခွန်းထုတ်စရာလည်း ရှိပါတယ်...
ကက်စ်မဲရိုးရဲ့ အရေးပါမှုကိုလည်း သူမပါနိုင်ချိန်မှာ အထင်အရှားတွေ့မြင်ခဲ့ရတယ်။ ကက်စ်မဲရိုးမပါနိုင်ခြင်းဟာ ယူနိုက်တက်ရဲ့ တိုက်စစ်၊ ခံစစ်၊ open-play, set-piece ကဏ္ဍစုံအပေါ် သက်ရောက်မှုတွေ ရှိခဲ့တယ်။ ယူနိုက်တက်ဟာ ကက်စ်မဲရိုးရဲ့ positionကိုတင်မကဘဲ role & functionပိုင်းတွေကိုပါ မှန်မှန်ကန်ကန်နဲ့ စနစ်တကျ အစားထိုးနိုင်ဖို့ လိုအပ်လိမ့်မယ်ဆိုတာ ထပ်မံထင်ရှားစေခဲ့တဲ့ ပွဲစဥ်တစ်ပွဲပါပဲ...
ဘရူနိုကတော့ ဂိုးဖန်တီးမှုစံချိန်သစ်အတွက် နောက်တစ်ပွဲထပ်စောင့်ရဖို့လည်း ဖြစ်လာခဲ့ပါတယ်...
previous Post - မန်စီးတီး-ဘရန်ဖို့ဒ် ပွဲပြီးအတွေးများ...
Comments
Post a Comment