မန်စီးတီး-ဘရန်ဖို့ဒ် ပွဲပြီးအတွေးများ...
ygn, ygnth, yangon, m9 slot, m9 asia, m9 games, YGN, YGNTH, slot, casino, Sport, sport YGN TH, Myanmar Game Streamer, Trusted Game Site Myanmar (ယုံကြည်စိတ်ချရသော ဂိမ်းဆိုက်), YGN Slot, Online Slot Myanmar, Streamer Big Win, Real Money Gaming, Football Betting Myanmar, Malay Odds (မလေးကြေး), Mix Parlay Myanmar (ဘောလုံးမောင်း, Body Betting (ဘောလုံးဘော်ဒီ), Online Betting Website, High Odds, Live Betting
ဘရန်ဖို့ဒ်က ဥရောပဝင်ခွင့်တစ်ခုခုကို ကောင်းကောင်းမျှော်လင့်လို့ရတဲ့ အနေအထားဖြစ်သလို အမှတ်လည်း လိုနေတာကြောင့် အိမ်ကွင်းဖြစ်ပေမယ့် မန်စီးတီးအတွက် သိပ်မလွယ်ခဲ့ပါဘူး...
ပွဲချိန်မိနစ်၆၀နီးပါး ဖြစ်လာသည်အထိ ဒီပွဲဟာ ဂိုးမရှိသရေဖြစ်ဖို့ကို ဦးတည်နေခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းပွဲစဥ်တွေမှာ တောက်လျှောက်ခြေစွမ်းပြနေတဲ့ ဒိုကူက ပွဲအနေအထားကို ပြောင်းလဲသွားစေခဲ့တယ်။ အရေးပါတဲ့ အဖွင့်ဂိုးကို ကိုယ်တိုင်သွင်းပေးနိုင်ခဲ့ပါတယ်...
ရိန်းဒါးစ်နဲ့ ရှာကီနေရာမှာ ဖိုဒန်နဲ့ အိုမာမာမွတ်ရှ်ကို ထည့်ကစားခဲ့တဲ့ ဂွာဒီယိုလာရဲ့ နည်းဗျူဟာအပြောင်းအလဲကလည်း အတော်လေးအလုပ်ဖြစ်ခဲ့တယ်...
ပွဲချိန်မိနစ်၆၀လောက်ထိ ဆီမန်ညိုကို ဘရန်ဖို့ဒ်ကစားသမားနှစ်ယောက်လောက်က 2v1ရင်ဆိုင်ထားတဲ့ အနေအထားမျိုးကနေ အိုမာမာမွတ်ရှ်လူစားဝင်လာပြီးနောက် ဘရန်ဖို့ဒ်LBနဲ့ LCBကြား half-spaceမှာ နေရာယူကစားလာတဲ့အခါ ဘရန်ဖို့ဒ်ခံစစ်ကြောင်းဟာ အိုမာမာမွတ်ရှ်ရဲ့ well-timed runsတွေကိုလည်း အာရုံစိုက်ထိန်းချုပ်လာရတယ်။ ဆီမန်ညိုကို double-upလုပ်နိုင်ဖို့ အခြေအနေသိပ်မပေးတော့ပါဘူး...
အကျိုးဆက်အနေနဲ့ ဆီမန်ညိုဟာ ဘရန်ဖို့ဒ်LBဟစ်ကီကို 1v1အနေအထားနဲ့ မကြာခဏ ဖိအားပေးခြိမ်းခြောက်လာခဲ့တယ်။ အဲ့ဒီလိုတိုက်စစ်လမ်းကြောင်းမျိုးကနေပဲ ဟာလန်းရဲ့ ဒုတိယဂိုးဖြစ်လာခဲ့ပါတယ်...
ပွဲချိန်မိနစ်၉၀ကျော်မှာတော့ ဟာလန်းရဲ့ဖန်တီးပေးပို့မှုကနေ အိုမာမာမွတ်ရှ်က ပွဲသိမ်းဂိုးကို သွင်းနိုင်ခဲ့တယ်။ မန်စီးတီးရဲ့နိုင်ပွဲကို ပိုပြီးတော့ ပြတ်သားသွားစေခဲ့ပါတယ်...
ဒိုကူကတော့ မန်စီးတီးကို ချန်ပီယံပြေးလမ်းပေါ်မှာ ဆက်ရှိနိုင်အောင် သူ့ရဲ့ဂိုးတွေနဲ့ အကောင်းဆုံးကူညီပေးနေဆဲပါပဲ။ ပရီးမီးယားလိဂ်နောက်ဆုံး၅ပွဲမှာ တိုက်ရိုက်ဂိုးပါဝင်ပတ်သက်မှု ၅ကြိမ်ရှိခဲ့တယ်။ ၄ဂိုးသွင်းပြီး ၁ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်...
အထူးသဖြင့် နောက်ဆုံး၃ပွဲမှာ ဒိုကူရဲ့ဂိုးပါဝင်ပတ်သက်မှုတွေက မန်စီးတီးအတွက် အများကြီးအရေးပါခဲ့တယ်။ ဘန်လေနဲ့ပွဲမှာ ဟာလန်းရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို သူဖန်တီးပေးခဲ့တယ်...
အဲဗာတန်နဲ့ပွဲမှာလည်း သူ့ရဲ့သွင်းဂိုး၂ဂိုးကြောင့်ပဲ မန်စီးတီးသရေတစ်မှတ်ရနိုင်ခဲ့တယ်။ အခု ဘရန်ဖို့ဒ်နဲ့ပွဲမှာလည်း အရေးပါတဲ့ အဖွင့်ဂိုးကို သူကိုယ်တိုင်သွင်းယူပေးခဲ့တာဖြစ်ပါတယ်...
ဟာလန်းလည်း ဒီပွဲမှာ တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးခဲ့ပြီး အသင်းကို အကောင်းဆုံးအကျိုးပြုနိုင်ခဲ့သလို လူစားဝင်အိုမာမာမွတ်ရှ်လည်း ခြေစွမ်းပြကစားနိုင်ခဲ့တယ်။ ပွဲသိမ်းဂိုးကို ကိုယ်တိုင်သွင်းပေးခဲ့သလို ဒုတိယဂိုးမှာလည်း သူ့ရဲ့ပါဝင်ပတ်သက်မှု ကြီးကြီးမားမား ရှိနေခဲ့ပါတယ်...
၃ဂိုးပြတ်နိုင်ပွဲရခဲ့တယ်ဆိုပေမယ့် ပြောခဲ့သလိုပဲ မန်စီးတီးအတွက် သိပ်လွယ်ကူတဲ့ပွဲစဥ်မျိုးတော့ မဟုတ်ခဲ့ပါဘူး။ ရိုဒရီမပါနိုင်တာကလည်း မန်စီးတီးရဲ့ အသင်းလိုက်ကစားပုံကို သိသာထင်ရှားတဲ့ သက်ရောက်မှုတွေ ဖြစ်စေခဲ့တယ်။ နီကိုဂွန်ဇာလက်ဇ်နဲ့ ရိန်းဒါးစ်တို့ဟာ သူ့နည်းသူ့ဟန်နဲ့ ကောင်းကြပေမယ့်လည်း ရိုဒရီလို အသင်းလိုက်ကစားကွက်တစ်ခုလုံးကို ဦးဆောင်နိုင်လောက်တဲ့ အနေအထားမျိုးမှာတော့ ရှိမနေပါဘူး။ ဒါကြောင့် ရိုဒရီမပါနိုင်ချိန် မန်စီးတီးကွင်းလယ်မှာ ဘယ်သူဝင်ကစားသည်ဖြစ်စေ ရိုဒရီရဲ့ကွက်လပ်ကတော့ သိသာထင်ရှားနေဆဲပါပဲ...
အခက်အခဲတွေ ရှိခဲ့တဲ့ကြားကပဲ ဘရန်ဖို့ဒ်လို ပြိုင်ဖက်မျိုးကို ၃ဂိုးပြတ်နိုင်ပွဲရခဲ့တယ်ဆိုတာကတော့ မန်စီးတီးကို အများကြီးအသိအမှတ်ပြုရမှာဖြစ်ပါတယ်...
ဘာနေနေ ဒီရလဒ်ကြောင့် မန်စီးတီးဟာ အာဆင်နယ်နဲ့ ပွဲတူ၂မှတ်အကွာထိ ပြန်ကပ်လာခဲ့တယ်။ လက်ကျန်ပွဲအနေအထားတွေအရ ဒီနေ့ည ယှဥ်ပြိုင်ကစားရမယ့် ဝက်စ်ဟမ်း-အာဆင်နယ်ပွဲဟာ ချန်ပီယံပြေးလမ်းကို အတော်များများ အဆုံးအဖြတ်ပေးသွားနိုင်ချေလည်း ရှိနေပါတယ်...
Comments
Post a Comment