ယူနိုက်တက်ရဲ့ဂိုးသွင်းစွမ်းရည်ကတော့အာဆင်နယ်ထက်ပိုသာတဲ့အဆင့်ကိုရောက်နေပြီ

ယူနိုက်တက်ရဲ့ဂိုးသွင်းစွမ်းရည်ကတော့အာဆင်နယ်ထက်ပိုသာတဲ့အဆင့်ကိုရောက်နေပြီ

အာဆင်နယ်ဟာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရှိနေပေမယ့် သူတို့ရဲ့ ဂိုးအများစုက တည်ကန်ဘောတွေကနေ လာတာဖြစ်ပြီး Open Play မှာတော့ ယူနိုက်တက်က ပိုပြီး အစွမ်းပြနေတာကို တွေ့ရပါတယ် ယူနိုက်တက်ဟာ စုစုပေါင်း ၆၃ ဂိုး သွင်းယူထားရာမှာ ၃၈ ဂိုးက Open Play ကနေ ရရှိထားတာဖြစ်လို့ အသင်းရဲ့ အခွင့်အရေး ဖန်တီးနိုင်စွမ်းက သိသိသာသာကို တိုးတက်လာတာပါ

တစ်ဖက်မှာ အာဆင်နယ်ကတော့ စုစုပေါင်း ၆၇ ဂိုးအထိ သွင်းယူထားနိုင်ပေမဲ့ ကွင်းဖွင့်ကစားပုံကနေ ရရှိတဲ့ဂိုးက ၃၇ ဂိုးသာ ရှိပါတယ် ဒါဟာ ယူနိုက်တက်ထက် တစ်ဂိုးတောင် လျော့နည်းနေတာပါ အာဆင်နယ်ဟာ သူတို့သွင်းဂိုးတွေရဲ့ ၄၄ ရာခိုင်နှုန်းလောက်ဖြစ်တဲ့ ဂိုးပေါင်း ၃၀ ကို Set-piece တွေကနေပဲ ရယူထားတာဖြစ်လို့ ဒါဟာ ပရီးမီးယားလိဂ်မှာ အမြင့်ဆုံးနှုန်းထားတွေထဲက တစ်ခုလို့တောင် ဆိုနိုင်ပါတယ်
ဒီအချက်က ဘာကိုပြနေလဲဆိုရင် အာဆင်နယ်ဟာ တိုက်စစ်ပိုင်းမှာ အလွန်လှပတဲ့ ကစားဟန်ရှိတယ်လို့ နာမည်ကြီးပေမဲ့ တကယ်တမ်း ကွင်းထဲမှာ အခွင့်အရေးဖန်တီးပြီး ဂိုးသွင်းယူတဲ့နေရာမှာတော့ ယူနိုက်တက်က ပိုပြီး ထိရောက်မှုရှိနေတာပါ ကာရစ်ရဲ့ လက်ထက်မှာ ယူနိုက်တက်ဟာ ကစားကွက်တည်ဆောက်ပုံနဲ့ ဂိုးရနိုင်မယ့် လမ်းကြောင်းတွေကို ပိုပြီး ကောင်းကောင်းမွန်မွန် ဖော်ဆောင်လာနိုင်တာကို သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။

 

Comments