ဘာပဲဖြစ်ဖြစ်ဝိန်းရွန်နေကိုရအောင်ခေါ််ပေးပါလို့ပြောလာဆာအဲလက်စ်
ygn, ygnth, yangon, m9 slot, m9 asia, m9 games, YGN, YGNTH, slot, casino, Sport, sport YGN TH, Myanmar Game Streamer, Trusted Game Site Myanmar (ယုံကြည်စိတ်ချရသော ဂိမ်းဆိုက်), YGN Slot, Online Slot Myanmar, Streamer Big Win, Real Money Gaming, Football Betting Myanmar, Malay Odds (မလေးကြေး), Mix Parlay Myanmar (ဘောလုံးမောင်း, Body Betting (ဘောလုံးဘော်ဒီ), Online Betting Website, High Odds, Live Betting
“ဘာပဲဖြစ်ဖြစ် ဝိန်းရွန်နေကို ရအောင်ခေါ်ပေးပါ”လို့ ဘုတ်အဖွဲ့ကို ကျနော်တောင်းဆိုလိုက်တော့ အားလုံးလိုလို မျက်ခုံးတွေပင့်သွားကြတယ်။ ကျနော်တို့ အလုပ်လုပ်တဲ့ပုံစံက ဒါမျိုးမှမဟုတ်ခဲ့တာကိုး...
ရွန်နေဟာ အင်မတန်ထူးချွန်တဲ့ လူငယ်ကစားသမားလေးတစ်ယောက်ပါ။ ဒါကို ကျနော်တို့အားလုံး နားလည်ထားကြတယ်။ ဒါပေမယ့် သူက အသက်၁၈နှစ်ပဲရှိသေးတယ်။ ဒီလိုလူငယ်လေးတစ်ယောက်ကို ဒီလောက်မြင့်မားတဲ့ပြောင်းရွှေ့ကြေးမျိုးနဲ့ ခေါ်ယူရမယ်၊ ပြီးတော့ အဲ့ဒီအချိန်မှာ နယူးကာဆယ်ကလည်း သူ့ကိုခေါ်ယူနိုင်ဖို့ အတော်နီးစပ်နေတာဆိုတော့ ကျနော်တို့အတွက် ဒီအပြောင်းအရွှေ့က သိပ်ပြီးအလောသုံးဆယ်နိုင်လွန်းနေတယ်။ ဒါက ကျနော်တို့ အလုပ်လုပ်နေကျပုံစံမျိုး မဟုတ်ပါဘူး...
ဒါပေမယ့် ကိစ္စတိုင်းမှာ ချွင်းချက်ဆိုတာတော့ ရှိပါတယ်။ ဒီကိစ္စမှာတော့ ဝိန်းရွန်နေဟာ ချွင်းချက်ပါပဲ...
အသက်၁၈နှစ်အရွယ် လူငယ်လေးတစ်ယောက်ဆိုပေမယ့် သူဟာ မနေ့တစ်နေ့ကမှ အဲဗာတန်အတွက် ပွဲထွက်ကစားလာတာ မဟုတ်ဘူး။ ၂နှစ်လောက် ခြေစွမ်းပြကစားနေခဲ့တာဖြစ်ပါတယ်။ အကယ်ဒမီမှာ ခြေစွမ်းပြနေတဲ့ လူငယ်လေးတစ်ယောက်ကနေ ပရီးမီးယားလိဂ်အဆင့် ဒေါင်ဒေါင်မြည်ကစားသမားတစ်ယောက်ဖြစ်လာနိုင်ဖို့ အခက်အခဲ၊ အတားအဆီးတွေက သိပ်များလွန်းပါတယ်။ အဲ့ဒါက ထင်သလောက်တော့ လွယ်ကူရိုးရှင်းမနေပါဘူး...
အဲ့ဒီအတွက် ဒေးဗစ်မွိုက်စ်နဲ့တကွ အဲဗာတန်နည်းပြအဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေကိုလည်း ကျနော်တို့ အများကြီးချီးကျူးရမှာပါ။ ရွန်နေကို သူတို့တွေ မှန်မှန်ကန်ကန်နဲ့ ပြုစုပျိုးထောင်နိုင်ခဲ့ကြပါတယ်...
လူတိုင်းလူတိုင်းမှာ တန်ရာတန်ဖိုးတစ်ခုစီရှိနေတယ်လို့ ကျနော်အမြဲယုံကြည်ထားပါတယ်။ ဝိန်းရွန်နေလို သူ့မျိုးဆက်ရဲ့ အကောင်းဆုံးစာရင်းဝင် လူငယ်လေးတစ်ယောက်အတွက် တန်ရာတန်ဖိုးကလည်း မြင့်မားနေမှာပဲ။ ဒါကိုတွက်ကပ်နေလို့၊ ပေသီးခေါက်နေလို့မရပါဘူး...
အသက်၁၈နှစ်အရွယ် လူငယ်လေးတစ်ယောက်အနေနဲ့ဆိုရင်တော့ သူ့အတွက် ကျနော်တို့ သုံးခဲ့ရတဲ့ ပြောင်းရွှေ့ကြေးက များကောင်းများနေပါလိမ့်မယ်။ ဒါပေမယ့် ကျနော်တို့ဟာ အလောင်းအစားဆန်ဆန် စွန့်စားနေကြတာတော့ မဟုတ်ပါဘူး။ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံနေကြတာပါ။ နောက်၅နှစ်၊ နောက်၁၀နှစ်အတွင်းမှာ ဝိန်းရွန်နေဟာ ဒီထက်အများကြီး(အများကြီး) ပိုကောင်းလာလိမ့်မယ်။ မန်ချက်စတာယူနိုက်တက်အပေါ် အများကြီးအကျိုးပြုနိုင်လိမ့်မယ်။ လက်ရှိပြောင်းရွှေ့ကြေးဘယ်လောက်ပဲမြင့်မြင့် ဒီလိုကစားသမားမျိုးကို ကျနော်တို့ မရရအောင် ကြိုးစားခေါ်ယူရမှာပဲ...
ဘုတ်အဖွဲ့ကို ကျနော်ဒီလိုရှင်းပြခဲ့တယ်။ ဘုတ်အဖွဲ့ကလည်း ကျနော်ပြောတာကို သဘောတူခဲ့တယ်။ ကျနော့်ကို ယုံကြည်ပေးခဲ့တယ်။ တိုတိုပြောရရင် ဒီလိုနဲ့ပဲ ဝိန်းရွန်နေဟာ မန်ချက်စတာယူနိုက်တက်ကစားသမားတစ်ယောက် ဖြစ်လာခဲ့ပါတယ်...
ဘာကြောင့် ဝိန်းရွန်နေလဲ...အသက်၁၈နှစ်အရွယ် လူငယ်လေးတစ်ယောက်အတွက် ယူနိုက်တက်ဟာ ဒီလောက်မြင့်မားတဲ့ ပြောင်းရွှေ့ကြေးမျိုး ဘာလို့သုံးခဲ့တာလဲ...
ဒီလိုမေးခွန်းတွေ၊ ဝေဖန်သံတွေကို တိတ်ဆိတ်သွားစေဖို့ ရွန်နေအတွက် သိပ်အကြာကြီး အချိန်မယူခဲ့ရပါဘူး။ ယူနိုက်တက်ကို ရောက်ရောက်ချင်းမှာပဲ အချိန်တိုအတွင်းမှာပဲ သူခြေစွမ်းပြခဲ့တယ်။ ဂိုးတွေသွင်းနိုင်ခဲ့တယ်...
ဒါပေမယ့် သူ့မှာ ပြဿနာလေးတချို့လည်း ရှိနေခဲ့တယ်။ လူငယ်ပီပီ စိတ်မြန်လက်မြန်ရှိလွန်းတာ၊ စိတ်မထိန်းနိုင်တာမျိုးတွေပါပဲ...
ဒါပေမယ့် ရွန်နေဟာ နှစ်အနည်းငယ်အတွင်းမှာပဲ သူ့ကိုယ်သူ အကောင်းဆုံး ပြင်ဆင်တည်ဆောက်သွားနိုင်ခဲ့တယ်။ ကျနော်တို့အားလုံး အံ့အားသင့်ရလောက်အောင် ပြောင်းလဲသွားတဲ့၊ တည်ငြိမ်ရင့်ကျက်လာတဲ့ ရွန်နေကို ကျနော်တို့ တွေ့မြင်ခဲ့ရပါတယ်...
ကိုယ့်ရဲ့အားနည်းချက်ကို ကိုယ်တိုင်ပြန်သုံးသပ်ဖို့၊ ပြင်ဆင်နိုင်ဖို့ဆိုတာက ထင်သလောက် မလွယ်ကူပါဘူး။ အတော်လေးကို စိတ်ဓာတ်ခိုင်မာဖို့ လိုအပ်တယ်။ ရွန်နေကတော့ ဒါကိုလုပ်နိုင်ခဲ့ပါတယ်...
၂၀၁၀တုန်းကတော့ သူနဲ့ကျနော့်ကြား နားလည်မှုအလွဲလေးတွေ ရှိခဲ့တယ်။ သူ အသင်းကထွက်ချင်တယ်လို့ လူသိရှင်ကြားပြောဆိုလာခဲ့တာကြောင့်လည်း ကတောက်ကဆလေးတွေက ပိုပြီးကြီးမားသွားခဲ့ပါသေးတယ်...
သူ့ရဲ့တုံ့ပြန်မှုနဲ့ပတ်သက်ပြီး ကျနော်ကိုယ်တိုင် အံ့အားသင့်ခဲ့ရတယ်။ စိတ်ပျက်ခဲ့ရတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာ သူ့ကို ကျနော်တို့ အကောင်းဆုံးဖျောင်းဖျနိုင်ခဲ့တယ်။ စာချုပ်သစ်ထပ်ချုပ်နိုင်ခဲ့ပါတယ်...
“အဲ့ဒီတုန်းက ကျနော်တို့ ဘာတွေပြောခဲ့ကြသလဲ။ ကျနော်သူ့ကို ဘယ်လိုဖျောင်းဖျခဲ့သလဲ”
ဒါတွေကိုတော့ လောလောဆယ် ကျနော်ပြောသွားဖို့ အစီအစဥ်မရှိပါဘူး။ ကျနော်ပြောနိုင်တာ တစ်ခုတော့ရှိတယ်။ အဲ့ဒါဘာလဲဆိုရင် ဒီပြဿနာတွေ စဖြစ်ကတည်းကနေ ပြီးဆုံးသွားသည်အထိ ရွန်နေဟာ ယူနိုက်တက်ကို တကယ်တမ်းစွန့်ခွာဖို့ အစီအစဥ်မရှိခဲ့ဘူး၊ သူ့ရဲ့နှလုံးသားထဲမှာ ယူနိုက်တက်တစ်သင်းထဲပဲ ရှိနေခဲ့တယ်ဆိုတာပါပဲ။ ဒါကို ကျနော်ကောင်းကောင်းသဘောပေါက်ခဲ့တယ်...
ရွန်နေက ယူနိုက်တက်ကို ချစ်ပါတယ်။ ဒါပေမယ့် အသင်းနဲ့ပတ်သက်တဲ့ သူ့ရဲ့တချို့သော စဥ်းစားတွေးခေါ်မှုလေးတွေ၊ အယူအဆလေးတွေဟာ စေတနာရှေ့ဆောင်ပေမယ့်လည်း အနည်းငယ်လွဲချော်နေတာမျိုးတွေ ရှိနေတယ်။ ဒါကို ကျနော်ထောက်ပြခဲ့ပြီး သူ့ဖက်ကလည်း အသာတကြည်လက်ခံခဲ့တယ်။ ပြဿနာက ဒီမှာပဲ ပြီးသွားခဲ့တယ်...
ရွန်နေလည်း ယူနိုက်တက်သမိုင်းတလျှောက် ဂိုးသွင်းအများဆုံးကစားသမားတစ်ယောက်၊ တကယ့်legendတစ်ယောက်အဖြစ် အခိုင်အမာရပ်တည်နိုင်ခဲ့ပါတယ်...
ကျနော်ဟာ ဘောလုံးလောကမှာ နည်းပြတစ်ယောက်အနေနဲ့ ဆယ်စုနှစ်ပေါင်းများစွာ ဖြတ်သန်းနိုင်ခဲ့တယ်။ ကျနော့်ရဲ့ နည်းပြဘဝတစ်လျှောက်လုံးမှာ အင်မတန်မှကို မှန်ကန်ကောင်းမွန်လှတဲ့ ဆုံးဖြတ်ချက်မျိုး တစ်ခုနှစ်ခုလောက်တော့ ကျနော်လုပ်နိုင်ခဲ့တာပဲလို့ အစဥ်အမြဲယုံကြည်နေပါတယ်...
တချို့ဆုံးဖြတ်ချက်တွေကတော့ မှန်ကန်ကောင်းမွန်နိုင်ပေမယ့်လည်း ကျနော်မေ့သွားပြီ။ တချို့ကိုတော့ ကျနော်တမင်တကာမေ့ပစ်ဖို့လည်း လိုအပ်ပါတယ်...
သေချာတာကတော့ ဝိန်းရွန်နေကို အဲဗာတန်ကနေ အရခေါ်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဟာ ကျနော့်နည်းပြဘဝတစ်လျှောက် အမှန်ကန်ဆုံးသော ဆုံးဖြတ်ချက်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ခဲ့တယ်ဆိုတာပါပဲ...
previous Post - အယ်ရှာဘတ်ကိုအနိုင်ယူပြီးချန်ပီယံဆုအတွက်အသက်ဆက်လိုက်တဲ့အယ်နာဆာ
Comments
Post a Comment