အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ်မှာ အမှားတွေလုပ်မိတဲ့ စပါးဂိုးသမားကို ဒီဂီယာ အားပေးစကားဆို
YGN TH, Myanmar Game Streamer, Trusted Game Site Myanmar (ယုံကြည်စိတ်ချရသော ဂိမ်းဆိုက်), YGN Slot, Online Slot Myanmar, Streamer Big Win, Real Money Gaming, Football Betting Myanmar, Malay Odds (မလေးကြေး), Mix Parlay Myanmar (ဘောလုံးမောင်း, Body Betting (ဘောလုံးဘော်ဒီ), Online Betting Website, High Odds, Live Betting
အက်သလက်တီကိုမက်ဒရစ်ကို ၅-၂ ဂိုးနဲ့အရေးနိမ့်ခဲ့တဲ့ အင်္ဂါနေ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲမှာ အမှားနှစ်ကြိမ်ပြုလုပ်ခဲ့တာကြောင့် ပွဲချိန် ၁၇ မိနစ်မှာတင် လူစားလဲခံခဲ့ရတဲ့ တော့တင်ဟမ်ဟော့စပါးဂိုးသမား အန်တိုနင် ကင်စကီးကို ယူနိုက်တက်ဂိုးသမားဟောင်း ဒေးဗစ် ဒီဂီယာက နှစ်သိမ့်အားပေးခဲ့ပါတယ်။
စပါးအသင်းဟာ ဒီရာသီမှာ ကင်စကီးကို အီတလီဂိုးသမား ဂူဂလီယဲလ်မို ဗီကာရီယိုရဲ့ရဲ့ အရန်အဖြစ်သာ ထားရှိတာဖြစ်ပေမဲ့ အက်သလက်တီကိုနဲ့ချန်ပီယံလိဂ်ပွဲမှာတော့ နည်းပြ အီဂေါ တူဒေါက အသက် ၂၂ အရွယ် ချက်ဂိုးသမားလေးကို ပွဲထွက်အသုံးပြုခဲ့တာပါ။
ကင်စကီးဟာ ဒီပွဲမှာ မထင်မှတ်ဘဲ ပွဲထွက်ခွင့်ရရှိလာခဲ့တာဖြစ်သလို ချန်ပီယံလိဂ်မှာ ပထမဆုံးအကြိမ် ပါဝင်ကစားခွင့်ရတာဖြစ်ပါတယ်။
စပါးတို့ ပွဲချိန် ၁၅ မိနစ်အတွင်း အက်သလက်တီကိုကို သုံးဂိုးခွင့်ပြုခဲ့ရပြီး နှစ်ဂိုးက ကင်စကီးရဲ့အမှားတွေကနေ ပေးခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့်ပဲ နည်းပြ တူဒေါဟာ ပွဲချိန် ၁၇ မိနစ်မှာ ကင်စကီးကို ဗီကာရီယိုနဲ့ အစားလဲဖို့ ဆုံးဖြတ်ခဲ့တာပါ။
ကွင်းထဲကနေ ထွက်ခွာချိန်မှာ အသင်းဖော်တချို့ရဲ့နှစ်သိမ့်မှုကိုရခဲ့တဲ့ ကင်စကီးဟာ ဝမ်းနည်းစွာနဲ့ဥမင်ထဲကို တန်းဝင်သွားခဲ့ပါတယ်။
ပထမပိုင်းအပြီးမှာတော့ လက်ရှိ ဖီအိုရင်တီးနားအသင်းမှာ ကစားနေတဲ့ အသက် ၃၅ နှစ်အရွယ် ဒီဂီယာက “ဂိုးသမားမဖြစ်ဖူးတဲ့သူတိုင်း ဒီနေရာမှာကစားရတာ ဘယ်လောက်အထိ ဖိအားများပြီး ခက်ခဲတယ်ဆိုတာကို နားလည်နိုင်မှာ မဟုတ်ပါဘူး။ ခေါင်းမော့ထားပြီး ထပ်ကြိုးစားပါ” လို့ သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။
ဒီဂီယာက ကင်စကီးအနေနဲ့ စိတ်ဓာတ်မကျဘဲ ပြန်လာနိုင်မှာဖြစ်ကြောင်းလည်း အားပေးခဲ့တာဖြစ်ပါတယ်။
ကင်စကီးဟာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ပွဲတပွဲမှာ သွင်းဂိုး သုံးဂိုးကို စောစီးစွာခွင့်ပြုခဲ့ရတဲ့ ဂိုးသမားဖြစ်ခဲ့သလို အစောဆုံးဂိုးသမားလူစားလဲမှုအဖြစ်လည်း မှတ်တမ်းဆိုးရခဲ့တာပါ။
ပွဲအပြီးမှာတော့ စပါးနည်းပြ တူဒေါက ကင်စကီးရဲ့စွမ်းဆောင်ရည်နဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ရှောင်လွှဲခဲ့ပေမဲ့ ဂိုးသမားကို အကာအကွယ်ပေးတဲ့အနေနဲ့ လူစားလဲခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
“ဒီအကြောင်းကို ကျွန်တော်တို့ မှတ်ချက်ပေးဖို့ မလိုပါဘူး။ အများကြီး ပြောနေရမယ့် အချိန်လည်း မဟုတ်ပါဘူး။ ဒါဟာ တကယ့်ကို ထူးဆန်းတဲ့ ပွဲတပွဲပါ။ ကျွန်တော်တို့ သူတို့ကို သုံးဂိုပေးလိုက်ရပါတယ်။ ပွဲအစကောင်းခဲ့ပေမဲ့ အခြေအနေ သုံးမျိုးမှာ ကြုံခဲ့ရတဲ့ ပြဿနာတွေက ကျွန်တော်တို့ကို သတ်လိုက်တာပါ။
"အရမ်းကို ထူးဆန်းပြီး ပုံမှန်မဟုတ်တဲ့ အခြေအနေမျိုးပါ။ ဒါက ကျွန်တော်တို့ရဲ့ ယုံကြည်မှုကို ပျက်ပြားစေခဲ့တယ်။ ကျွန်တော်တို့မှာ ၄-၂ ဂိုး ဖြစ်စေမယ့် အခွင့်အရေးရှိခဲ့ပေမဲ့ နောက်ဆုံးမှာ တဂိုးထပ်ပေးလိုက်ရတယ်။ ပရိသတ်တွေနဲ့ လူတိုင်းကို ကျွန်တော် တောင်းပန်ပါတယ်။
"ဒါဟာ ခက်ခဲတဲ့ အချိန်တခုဖြစ်ပြီး အရာအားလုံးက လွဲချော်နေသလိုပါပဲ။ အမှားသေးသေးလေးတွေအတွက် ကျွန်တော်တို့ ပေးဆပ်ခဲ့ရတယ်။ တကယ့်ကို မယုံနိုင်စရာပါပဲ။ နောက်ဆုံးမှာ ကစားသမား နှစ်ယောက် (ရိုမီရိုနဲ့ ပါလင်ညာ) တိုက်မိတဲ့ အခြေအနေမျိုးကအစ အရာအားလုံးက ကျွန်တော်တို့ကို ဆန့်ကျင်နေသလို ခံစားရတယ်” လို့ တူဒေါက ပြောပါတယ်။
သူက ဆက်ပြီး “ဒီလိုမျိုးက အတော့်ကို ဖြစ်ခဲပါတယ်။ ကျွန်တော် နည်းပြလုပ်သက် ၁၅ နှစ်အတွင်းမှာ ဒါမျိုး တခါမှ မလုပ်ခဲ့ဖူးပါဘူး။ ဒါပေမဲ့ ကစားသမားလေးနဲ့ အသင်းကို စောင့်ရှောက်ဖို့အတွက် ဒါကို လုပ်ဖို့ လိုအပ်ခဲ့ပါတယ်။ မယုံနိုင်စရာ အခြေအနေမျိုးပါ။ ပွဲမစခင်တုန်းကတော့ ဗီကာရီယိုပေါ်မှာ ဖိအားတွေ ရှိနေတာကြောင့် ကင်စကီးကို သုံးတာဟာ မှန်ကန်တဲ့ ရွေးချယ်မှုလို့ ထင်ခဲ့ပါတယ်။ တိုနီ (ကင်စကီး) က ဂိုးသမားကောင်း တယောက်ပါ” လို့ ဆိုပါတယ်။
နည်းပြ တူဒေါလက်ထက်မှာ လေးပွဲစလုံးအရေးနိမ့်ထားတဲ့ စပါးအသင်းဟာ အသင်းရဲ့သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ပြိုင်ပွဲစုံ ခြောက်ပွဲဆက်အရှုံး မှတ်တမ်းဆိုးကိုရရှိခဲ့ပါယ်။
previous Post - ဘောလုံးမကန်ဘဲ ထိုးကြိတ်ကြလို့ တစ်ပွဲတည်းမှာ အနီကတ် ၂၃ ကတ်ပြခဲ့ရတဲ့ ဘရာဇီး ဘောလုံးပွဲ
Comments
Post a Comment