လာမယ့် နွေရာသီမှာ အကြီးစားပြောင်းလဲမှုတွေ လုပ်ဆောင်သွားမှာဖြစ်တဲ့ ယူနိုက်တက်
လာမယ့် နွေရာသီမှာ အသင်းကနေ မလိုအပ်တော့တဲ့ ကစားသမားတချို ဒါမှမဟုတ် အငှားချထားရတဲ့ ကစားသမားတချိုကိုသာ အပြီးသတ် ရော-င်းထုတ်နိုင်ခဲ့မယ်ဆိုရင် ယူနိုက်တက်ဟာ တစ်နှစ်ကို လစာငွေ ပေါင် (၆၅) သန်း ဝန်းကျင်အထိ သက်သာသွားမှာ ဖြစ်ပါတယ်။ ဒါဟာ နည်းပြသစ် မိုက်ကယ်ကာရစ်ရဲ့ ကစားကွက်ထဲမှာ အမှန်တကယ် လိုအပ်မယ့် ကစားသမားသစ်တွေကို ခေါ်ယူဖိုအတွက် ကြီးမားတဲ့ အားရစရာကောင်းတဲ့ ရန်ပုံငွေ တစ်ခု ဖြစ်လာပါလိမ့်မယ်။
အမှန်အတိုင်းပြောရရင် အသင်းမှာ ဝင်ငွေဒီထက်တိုးဖို အရေးတကြီးလိုအပ်နေတယ် ။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီတွေမှာ အသုံးစရိတ် များပြားခဲ့တာကြောင့် အခုလို လစာစာရင်းကို လျှော့ချလိုက်ခြင်းက ဥရောပရဲ့ ဘဏ္ဍာရေး စည်းမျဉ်းတွေနဲ့ ညီညွတ်ဖို အထောက်အကူ ဖြစ်စေမှာပါ ။ လက်ရှိ သတင်းတွေအရ ယူနိုက်တက်ဟာ ကွင်းလယ်ပိုင်းမှာ ပိုမို တက်ကြွလှုပ်ရှားနိုင်တဲ့ ကစားသမားတွေ ဖြစ်တဲ့ အဒမ် ဝါတန် တိုလို လူငယ်တွေကို ပစ်မှတ်ထားနေပါတယ်။
ဒီအတွက် လစာငွေ ပေါင် ၆၅ သန်း သက်သာသွားတာက ကစားသမားသစ် ၃ ယောက်၊ ၄ ယောက်ရဲ့ လစာကို အသာလေး ပေးချေနိုင်တဲ့ ပမာဏပါ ။ Sir Jim Ratcliffe ဦးဆောင်တဲ့ INEOS အဖွဲဟာ အသင်းရဲ့ လစာဖွဲစည်းပုံကို ပြန်လည် ပြင်ဆင်နေပါတယ် ။ အသက်ကြီးပြီး လစာများတဲ့ ကစားသမားတွေထက် အလားအလာရှိပြီး လစာသင့်တင့်တဲ့ လူငယ်တွေကို အခြေခံတဲ့ Squad တစ်ခု တည်ဆောက်ဖို ရည်ရွယ်နေတာပါ ။ ဒီသတင်းက ယူနိုက်တက် ပရိသတ်တွေအတွက်တော့ သတင်းကောင်းလိုပဲပြောရပါလိမ့်မယ် ။
previous Post - တင်ဘာနဲ့ ဆာကာတို့ ခြေကျသွားတာက အာတီတာရဲ့ ခေါင်းမာလွန်းတဲ့ လူထုတ်ပုံတွေကြောင့်ပါပဲ
ေ၀ဖန်မှုတွေအောက်ကနေ အကောင်းဆုံး ပြန်ရုန်းထွက်ပြခဲ့သူ
ယူနိုက်တက်မှာ အသုံးတော်ခံ ချင်နေတဲ့ အိုဒီဂတ်
ထိုင်းရောက်မြန်မာသတင်းများဖတ်ရန်
ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက
Comments
Post a Comment