ဒမ်ဘီလီနဲ့အင်းနရစ်လိုနည်းပြနဲ့ကစားသမားဆက်ဆံရေးမျိုးသာရှိရင်ငြင်းခုန်မှုတွေဖြစ်လာမှာမဟုတ်ဘူး


 ဒမ်ဘီလီနဲ့အင်းနရစ်လိုနည်းပြနဲ့ကစားသမားဆက်ဆံရေးမျိုးသာရှိရင်ငြင်းခုန်မှုတွေဖြစ်လာမှာမဟုတ်ဘူး


အန်နရီကေးကတော့ ဒမ်ဘီလီကို ပွဲကစားချိန် ၆၆ မိနစ်မှာတင် လူစားလဲဖို့ ဆုံးဖြတ်ခဲ့ပါတယ် ပုံမှန်အားဖြင့်တော့ အသင်းရဲ့ အဓိကကြယ်ပွင့်တစ်ယောက်ကို ဒီလိုအချိန်စောစော လူစားလဲတာမျိုးက ကစားသမားဘက်က မကျေနပ်မှုတွေ ပြသတတ်ပေမဲ့ ဒမ်ဘီလီဆီကတော့ ဘာပြဿနာမှ ထွက်ပေါ်မလာခဲ့ပါဘူး။

ဒါဟာ ဒမ်ဘီလီအနေနဲ့ နည်းပြရဲ့ ဆုံးဖြတ်ချက်အပေါ် ဘယ်လောက်အထိ အပြည့်အဝ ယုံကြည်မှု ရှိနေသလဲဆိုတာကို ပြသနေတာပါ ကိုယ်တိုင်က ကမ္ဘာ့အကောင်းဆုံးဆုကို ရထားတဲ့သူဖြစ်ပေမဲ့ အသင်းရဲ့ အောင်မြင်မှုအတွက် နည်းပြရဲ့ ဗျူဟာကို ဦးစားပေးပြီး ရင့်ကျက်တဲ့ ကစားသမားတစ်ဦးရဲ့ စိတ်ဓာတ်ကို ထုတ်ဖော်ပြသသွားတာ ဖြစ်ပါတယ်။


တကယ်လို့သာ ဒီလိုအခြေအနေမျိုးကို တခြားနာမည်ကြီး ကစားသမားတွေဖြစ်တဲ့ ဗီနီစီးယပ်စ် ဒါမှမဟုတ် ဘာပေတို့ ကြုံတွေ့ရမယ်ဆိုရင် ဘယ်လိုတုံ့ပြန်မလဲဆိုတာက စိတ်ဝင်စားစရာပါပဲ အခုတော့ ဒမ်ဘီလီဟာ သူ့ရဲ့ အဆင့်အတန်းကို ကွင်းထဲမှာတင်မကဘဲ ကွင်းပြင်ပက အပြုအမူတွေမှာပါ ထိပ်တန်းအဆင့် ရှိကြောင်း ပြသသွားနိုင်ခဲ့ပါတယ်။

Comments