လက်ရှိတိုက်စစ်အတွက်စိတ်ချရပေမယ့်ယူနိုက်တက်ရဲ့နောက်တန်းက‌တော့ပြင်ဆင်ဖို့လိုနေပြီ

 


လက်ရှိတိုက်စစ်အတွက်စိတ်ချရပေမယ့်ယူနိုက်တက်ရဲ့နောက်တန်းက‌တော့ပြင်ဆင်ဖို့လိုနေပြီ


ယူနိုက်တက်ဟာ လစာအများဆုံးပေးထားရတဲ့ အဓိကကစားသမားတွေကို ကွင်းအတွင်းမှာ အမြဲရှိနေစေချင်ပါတယ် ဒါပေမဲ့လည်း အသင်းရဲ့ အမာခံဗဟိုခံစစ်မှူးနှစ်ဦးဖြစ်တဲ့ မာတီနက်ဇ်နဲ့ ဒီလစ်တို့ဟာ ဒီရာသီမှာ ဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်နေရတာကို အသင်းတာဝန်ရှိသူတွေ သတိထားမိနေကြပါတယ် မက်ဂွိုင်းယားက စာချုပ်သက်တမ်း တစ်နှစ်တိုးထားပေမဲ့လည်း ယူနိုက်တက်ဟာ ခံစစ်စျေးကွက်ကို ဆက်လက်စောင့်ကြည့်နေပြီး ဗန်ဒီဗန်ကိုလည်း စိတ်ဝင်စားနေတာပါ။


မာတီနက်ဇ်ကတော့ သူ့ရဲ့ စာချုပ်အခြေအနေအပေါ် စိတ်အေးလက်အေး ရှိနေသလို ရှေ့ဆက်ဘာဖြစ်မလဲဆိုတာထက် လက်ရှိရာသီကို အကောင်းဆုံး အဆုံးသတ်နိုင်ဖို့ပဲ အာရုံစိုက်နေပါတယ် မာတီနက်ဇ်အ‌နေနဲ့ ယူနိုက်တက်မှာ ကစားရတာကို ဘယ်လောက်အထိ မြတ်နိုးကြောင်းနဲ့ သူ့ရဲ့အနာဂတ်ဟာ အိုးထရက်ဖို့ဒ်မှာပဲ ရှိနေတယ်ဆိုတာကို သူ့ရဲ့ရင်းနှီးသူတွေကို ပြောပြထားပြီးသားပါ။

အခုဆိုရင်တော့ မာတီနက်ဇ်ဟာ ဒဏ်ရာတွေကနေ ပြန်လည်သက်သာလာပြီဖြစ်သလို ပွဲပယ်ပြစ်ဒဏ်လည်း စေ့သွားပြီဖြစ်လို့ ကွင်းထဲမှာ ပြန်လည်မြင်တွေ့ရတော့မှာပါ ယူနိုက်တက်ရဲ့ ကစားကွက်တည်ဆောက်ပုံနဲ့ လေ့ကျင့်ရေးကွင်းတွေမှာ ဘယ်လောက်အထိ အရေးပါဆဲလဲဆိုတာကို သက်သေပြဖို့ အသင့်ဖြစ်နေပါပြီ။

Comments