အီရန်၀င်မကန်ရင်လည်း ဂရုမစိုက်ဘူးဆိုတဲ့ ထရန့်



အီရန်၀င်မကန်ရင်လည်း ဂရုမစိုက်ဘူးဆိုတဲ့ ထရန့် 

YGN THMyanmar Game Streamer Trusted Game Site Myanmar (ယုံကြည်စိတ်ချရသော ဂိမ်းဆိုက်)YGN SlotOnline Slot MyanmarStreamer Big WinReal Money GamingFootball Betting MyanmarMalay Odds (မလေးကြေး)Mix Parlay Myanmar (ဘောလုံးမောင်းBody Betting (ဘောလုံးဘော်ဒီ)Online Betting WebsiteHigh OddsLive Betting ‌ ‌

လာမယ့် ဇွန်လ ၁၁ ရက်နေ့မှာ စတင်မယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုတို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပတော့မှာပါ။ လက်ရှိမှာ အမေရိကန်နဲ့ အီရန်ကြား စစ်ရေးတင်းမာမှုတွေ အထွက်အထိပ် ရောက်နေချိန်မှာ သမ္မတ ထရန့်က "အီရန်အသင်း ဒီပြိုင်ပွဲမှာ လာကစားမှာကို ကျွန်တော် တကယ်ပဲ ဂရုမစိုက်ပါဘူး" လို့ Politico သတင်းဌာနကို ပြောကြားလိုက်ပါတယ်။ ထရန့်က ဆက်ပြီးတော့ "အီရန်ဟာ အကြီးအကျယ် ရှုံးနိမ့်နေတဲ့ နိုင်ငံတစ်ခုပါ။ သူတို့မှာ အင်အားကုန်လုနီးပါး ဖြစ်နေပြီ" လို့လည်း ခပ်ပြတ်ပြတ် မှတ်ချက်ပေးခဲ့ပါတယ်။


အီရန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ မယ်ဒီတာ့ဂျ် ကတော့ အခုလို အခြေအနေမျိုးမှာ ကမ္ဘာ့ဖလားကို မျှော်လင့်ချက်အပြည့်နဲ့ ကြည့်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ဆိုထားပြီး၊ အီရန်အသင်း ပြိုင်ပွဲကနေ နုတ်ထွက်မလားဆိုတာကို အာဏာပိုင်တွေက ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။ အီရန်အသင်းဟာ နယူးဇီလန်၊ ဘယ်လ်ဂျီယံ၊ အီဂျစ်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာပါ။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ကတော့ လူတိုင်းဘေးကင်းလုံခြုံစွာနဲ့ ပါဝင်ဆင်နွှဲနိုင်တဲ့ ကမ္ဘာ့ဖလားဖြစ်ဖို့ပဲ အာရုံစိုက်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

previous Post  -  ပင်နယ်တီလွဲခဲ့လို့ သွင်းဂိုးမရခဲ့တဲ့ ရော်နယ်ဒို

အာဆင်နယ်အသင်းရဲ့ ကံကြမ္မာကတော့ တကယ့်ကို ဝမ်းနည်းစရာကောင်းလွန်းလှပါတယ်

အသင်းဖော်တွေ ဝါဖြေဖို့ ဒဏ်ရာရချင်ယောင်ဆောင်ပြီး အချိန်ဆွဲခဲ့တဲ့ လိုပက်စ်

Comments