ဟယ်ရီမက်ဂွိုင်းယား ရဲ့ သူရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီးလစာလျော့ယူပါ့မယ်လို့ပြောကြားထား
"ဟယ်ရီမက်ဂွိုင်းယား ကို စာချုပ်သစ် ကမ်းလှမ်းသင့်/မသင့် ဆိုသည်နှင့် ပတ်သက်၍ မန်ချက်စတာယူနိုက်တက်အသင်းမှ တာဝန်ရှိသူအဖွဲ့ဝင်များကြားတွင် သဘောထားကွဲလွဲမှုများ ရှိနေပြီး၊ လက်ရှိစာချုပ်ပါ တစ်နှစ်သက်တမ်းတိုးခွင့်ကို အသုံးပြုရန်မှာ ဖြစ်နိုင်ချေ နည်းပါးနေကြောင်းသိရသည်။"
"ဆာဂျင်မ်ရက်ကလစ်ဖ် ကိုယ်တိုင်က အသင်း၏ လစာပေးချေရမှုပမာဏ ကို လျှော့ချရန် ဆန္ဒရှိနေပြီး၊ အထူးသဖြင့် လစာများပြားသော အသက်ကြီးပိုင်းကစားသမားများကို ရှင်းထုတ်လိုနေခြင်း ဖြစ်သည်။ အသင်း၏ လစာအများဆုံးကစားသမား ကက်စမဲရိုး နှင့် အခြား လစာမြင့်ကစားသမားများသည်လည်း အသင်းမှ ထွက်ခွာသွားရဖွယ် ရှိနေသည်။
သို့သော် အဆိုပါ အစီအစဉ်တွင် မက်ဂွိုင်းယားသည် ခြွင်းချက် ဖြစ်လာနိုင်သည့် အကြောင်းမှာ မက်ဂွိုင်းယားကိုယ်တိုင်က အသင်းတွင် ဆက်နေနိုင်ရန်အတွက် တစ်ပတ်လျှင် ပေါင် (၈၀,၀၀၀) ခန့်အထိ လစာလျှော့ယူရန် (Pay cut) ဆန္ဒရှိနေသောကြောင့် ဖြစ်ပါတယ်။ သို့သော် မန်ချက်စတာယူနိုက်တက် အသင်းအနေဖြင့် သူ့ကို စာချုပ်သစ် ကမ်းလှမ်းမည်/မကမ်းလှမ်းမည်ကိုတော့ လောလောဆယ်အထိ အသင်းဘက်က အတိအကျ ဆုံးဖြတ်ရခြင်း မရှိသေးကြောင်းသတင်းများအရသိရပါတယ်။"
ထိုင်းရောက်မြန်မာသတင်းများဖတ်ရန်
ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက
Comments
Post a Comment