မြူးနစ်ဖြစ်ရပ်ဆိုးဖြစ်ခဲ့တာ ဒီကနေ့မှာ(၆၈)နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်


မြူးနစ်ဖြစ်ရပ်ဆိုးဖြစ်ခဲ့တာ ဒီကနေ့မှာ(၆၈)နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်

YGN THMyanmar Game Streamer Trusted Game Site Myanmar (ယုံကြည်စိတ်ချရသော ဂိမ်းဆိုက်)YGN SlotOnline Slot MyanmarStreamer Big WinReal Money GamingFootball Betting MyanmarMalay Odds (မလေးကြေး)Mix Parlay Myanmar (ဘောလုံးမောင်းBody Betting (ဘောလုံးဘော်ဒီ)Online Betting WebsiteHigh OddsLive Betting ‌

FOREVER REMEMBERED 💐

၁၉၅၈ ၊ ဖေဖော်ဝါရီ(၆) 

ဖေဖော်ဝါရီလ(၆)ရက်နေ့ဟာ မန်ချက်စတာယူနိုက်တက်ဘောလုံးအသင်းရဲ့သမိုင်းကြောင်းထဲက အမှောင်မိုက်ဆုံးနေ့ရက်တစ်ရက်ဖြစ်ပါတယ်။ "ဘတ်စ်ဘီဘေဘီ" ရယ်လို့ လူအများကချစ်စနိုးတင်စား ခေါ်ဝေါ်ခဲ့ကြတဲ့ ယူနိုက်တက်ရဲ့ လူငယ်ကစားသမား(၈)ဦး ၊ ဝန်ထမ်း(၃)ဦး အပါအဝင် ခရီးသည်စုစုပေါင်း(၂၃)ဦး ဟာ သေလုမြောပါးဝေဒနာတွေကိုခံစားရင်း မြူးနစ် လေယာဉ်ပျက်ကျမှုဖြစ်စဉ်မှာ အသက်ပေးခဲ့ကြရပါတယ် ။ မြူးနစ်ဖြစ်ရပ်ဆိုးကြီးဖြစ်ပျက်ခဲ့တာဟာ ဒီကနေ့မှာဆိုရင် (၆၂)နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ 

ဥရောပဖလားဒုတိယအကျော့ပွဲစဉ်ကို ရက်ဒ်စတားဘဲလ်ဂရိတ်အသင်းရဲ့အိမ်ကွင်းမှာ ဧည့်သည် အဖြစ် သွားရောက်ယှဉ်ပြိုင်ကစားရင်း အိမ်အပြန်လမ်းမှာ လောင်စာဆီမလောက်ငှမှုပြသနာကြောင့် ယူနိုက်တက်ကို တင်ဆောင်လာခဲ့တဲ့လေယာဉ်ဟာ ဂျာမနီမှာ တစ်ထောက် နားခဲ့ရပါတယ်။ အဲဒီနောက် မန်ချက်စတာကိုပြန်လည် ထွက်ခွာဖို့ ဆီးနှင်းအပြည့်ဖုံးလွှမ်းနေတဲ့ပြေးလမ်းပေါ်က နေ လေယာဉ်မှုးKen Raymentဟာ သူ့ရဲ့လေယာဉ်ကို မရမက ဆွဲတင်ပါတော့တယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ပါ ဘူး။ ဒုတိယအကြိမ်ထပ်မံကြိုးစားကြည့်ပေမယ့်လည်း အောင်မြင်မှုမရခဲ့ပါဘူး။ အချိန်ကြန့်ကြာမှာကိုစိုးရိမ်နေတဲ့ လေယာဉ်မှုးတွေဟာ လေယာဉ်ကို တတိယအကြိမ် ဆွဲတင်ခဲ့ရာမှာတော့ အရည်ပျော်ဆီးနှင်းတွေကြောင့် ဘီးချော်သွားခဲ့ပြီး လေယာဉ်ဟာအရှိန်မထိန်းနိုင်တော့ဘဲ ပြေးလမ်းအဆုံးမှာ ပျက်စီးသွားခဲ့ရပါတော့တယ်။ 

မြူးနစ်ဖြစ်ရပ်ဆိုးတွင် အသက်ပေးခဲ့ကြရသောပုဂ္ဂိုလ်များ

ယူနိုက်တက်ကစားသမား(၈)ဦး

Geoff Bent (၂၅နှစ်)

Roger Byrne (၂၈နှစ်)

Eddie Colman (၂၁နှစ်)

Mark Jones (၂၄နှစ်)

David Pegg (၂၂နှစ်)

Tommy Taylor (၂၆နှစ်)

Liam Whelan (၂၂နှစ်)

Duncan Edwards (၂၁နှစ်)

Duncanဟာ အခင်းဖြစ်ပွားပြီး၁၅ရက်အကြာမှာ အသင်းဖော်တွေရဲ့နာမည်ကိုရေရွတ်ရင်း ဆေးရုံပေါ်မှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။ 

ယူနိုက်တက်ဝန်ထမ်း(၃)ဦး 

Walter Crickmer (စာရေး)

Tom Curry (ထရိန်နင်ဆရာ)

Bert Whalley (ကစားသမားနည်းပြ)

ဂျာနယ်လစ်(၈)ဦး

Alf Clarke (Manchester Evening Chronicle)

Donny Davies (Manchester Guardian)

George Follows (Daily Herald)

Tom Jackson (M.E.N)

Archie Ledbrooke (Daily Mirror)

Henry Rose (Daily Express)

Eric Thompson (Daily Mail)

Frank Swift (News of the World)

အခြားပုဂ္ဂိုလ်များ(၄)ဦး

Ken Rayment (လေယာဉ်မှူး)

Tom Cable (လေယာဉ်ဝန်ထမ်း)

Bela Miklos (ခရီးသွားအေဂျင်စီဝန်ထမ်း)

Willie Satinoff (ယူနိုက်တက်ပရိသတ်)

Willieသည် နည်းပြဆာမတ်ဘတ်စ်ဘီ၏ မိတ်ဆွေအရင်း အခြာဖြစ်သည်။ 

နည်းပြဆာမတ်ဘတ်စ်ဘီဟာ သူ့ရဲ့လက်ထောက်ဖြစ်သူ ဂျင်မီမာဖီနဲ့အတူ မြူးနစ်ဖြစ်ရပ်ဆိုးကြောင့် ဖရိုဖရဲဖြစ်သွားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ဘောလုံး အသင်းကို အစအဆုံးပြန်လည်စုစည်းခဲ့ပြီး (၁၀)နှစ်အကြာမှာ ဥရောပဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒီဖလားဟာ ယူနိုက်တက်ရဲ့သမိုင်းကြောင်းတစ်လျောက် ပထမဦးဆုံးအကြိမ်ရခဲ့တဲ့ ချန်ပီယံလိဂ်ဖလားဆိုရင်လည်း မမှားပါဘူး။ 

A broken plane 

A broken dream 

A broken heart

A broken team

No words said

A silent vow

We loved you then

We love you now

ထိုင်းရောက်မြန်မာသတင်းများဖတ်ရန်

ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက

Comments