‘၅ ပွဲဆက် အနိုင်ရမှ ညှပ်မယ်’ - ဆံပင်ညှပ်စိန်ခေါ်မှုက မန်ယူနိုက်တက်အတွက် ပြဿနာတခု ဖြစ်နေပြီလား

 


‘၅ ပွဲဆက် အနိုင်ရမှ ညှပ်မယ်’ - ဆံပင်ညှပ်စိန်ခေါ်မှုက မန်ယူနိုက်တက်အတွက် ပြဿနာတခု ဖြစ်နေပြီလား

YGN THMyanmar Game Streamer Trusted Game Site Myanmar (ယုံကြည်စိတ်ချရသော ဂိမ်းဆိုက်)YGN SlotOnline Slot MyanmarStreamer Big WinReal Money GamingFootball Betting MyanmarMalay Odds (မလေးကြေး)Mix Parlay Myanmar (ဘောလုံးမောင်းBody Betting (ဘောလုံးဘော်ဒီ)Online Betting WebsiteHigh OddsLive Betting ‌

အွန်လိုင်းပေါ်မှာ ပေါ့ပေါ့ပါးပါး စတင်ခဲ့တဲ့ စိတ်ကူးတခု ရက်ပေါင်း ၄၉၃ ရက်အကြာမှာတော့ ဖန်တီးသူကိုယ်တိုင် မှန်းဆလို့မရလောက်အောင်အထိ ကြီးမားတဲ့ အရာတခုဖြစ်လာခဲ့ပါတယ်။

“The United Strand” လို့လည်း လူသိများတဲ့ ဖရန့်ခ် အီလက်ဟာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့မှာ ဗီဒီယိုတခု တင်ခဲ့ပါတယ်။ အဲဒီနေ့မှာ အီလက်က ဆံပင်ကို အတိုဆုံးဖြစ်အောင် ညှပ်ခဲ့ပြီးတဲ့နောက် မန်ချက်စတာယူနိုက်တက် ငါးပွဲဆက် အနိုင်ရတော့မှ နောက်တကြိမ်ပြန်ညှပ်တော့မယ်လို့ စိန်ခေါ်မှု ပြုလုပ်ခဲ့တာပါ။

အဲဒီအချိန်က သူ့ကို Follow လုပ်ထားသူ နည်းသေးပေမဲ့ သူက ဗီဒီယိုထဲမှာ စစ်တမ်းတခု ကောက်ခဲ့ပါတယ်။ ဘယ်တော့လောက် ပြန်ညှပ်ရမယ် ထင်သလဲ၊ ၂၀၂၄၊ ၂၀၂၅ ဒါမှမဟုတ် ၂၀၂၆ လား ဆိုပြီး မေးခဲ့တာပါ။

ဖြေဆိုသူ ၂၇,၀၀၀ ထဲက ၉၀ ရာခိုင်နှုန်းက ၂၀၂၆ ခုနှစ် လို့ ခန့်မှန်းခဲ့ကြပါတယ်။ ဒါပေမဲ့ အင်္ဂါနေ့က ဝက်စ်ဟမ်း-မန်ယူ ပွဲဟာ တဖက် တဂိုးစီ သရေနဲ့ ပြီးဆုံးခဲ့လို့ အီလက်တယောက် ဆံပင်ညှပ်ခွင့်မရလိုက်ပါဘူး။

အခုဆိုရင် အိုင်လက်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ Followers ၂ ဒသမ ၃ သန်းကျော် ရရှိထားပြီဖြစ်သလို၊ ပြီးခဲ့တဲ့ အင်္ဂါနေ့က ပွဲစဉ်ကိုလည်း YouTube livestream လုပ်ခဲ့ရာမှာ တချို့အချိန်တွေမှာ ကြည့်ရှုသူ လူပေါင်း တသိန်းကျော်အထိတောင် ရှိခဲ့ပါတယ်။

ဒီစိန်ခေါ်မှု ရက်ပေါင်း ၃၆၅ ရက် ပြည့်ချိန်တုန်းက အီလက်က BBC Sport ကို အခုလို ပြောပြခဲ့ပါတယ်။ ‘အနိုင်ရမှ ဆံပင်ညှပ်မယ်’ ဆိုတဲ့ အယူအဆက ယူနိုက်တက် ပရိသတ်တွေအတွက် စိတ်ပျက်စရာကာလမှာ “အပြုသဘောဆောင် မျှဝေပေးဖို့" ရည်ရွယ်ပြီး မထိခိုက်မယ့် ဖျော်ဖြေရေးတခုအနေနဲ့ပဲ စရိုက်ခဲ့တာပါ”

“ကလပ်အတွင်း ဒီလို ထူးဆန်းတဲ့ အပြောင်းအလဲကာလမျိုးမှာ တခြားယူနိုက်တက် ပရိသတ်တွေကို ပျော်ရွှင်မှု ပေးချင်ရုံသက်သက်ပါပဲ” လို့ သူက ပြောပါတယ်။

အီလက်ရဲ့ အဆိုအရ ဒါဟာ ကြီးကြီးမားမား အစီအစဉ်ဆွဲထားတာမျိုး မဟုတ်ဘဲ စိတ်အားထက်သန်မှုတခု၊ ပြီးတော့ ပုံစံပျက်နေတဲ့ ဘောလုံးအသင်းတသင်းကြောင့်သာ ဖြစ်လာတာလို့ သိရပါတယ်။

“သုံးလေးလလောက်ဆို ပြီးသွားမယ်လို့ ထင်ခဲ့တာပါ။ ရယ်စရာတခုအနေနဲ့ စခဲ့တာဖြစ်ပေမဲ့ တကယ်တမ်းကျတော့ အဲဒီလို ဖြစ်မလာခဲ့ဘူး” လို့ အီလက်က ပြောပါတယ်။

ယူနိုက်တက်က ၂၀၂၄ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလအတွင်း ငါးပွဲဆက်နိုင်ခဲ့တာ နောက်ဆုံးဖြစ်ပါတယ်။

အီလက်ကတော့ “စိန်ခေါ်ခဲ့တုန်းက မကြာခင် ပြီးသွားမှာပဲ”လို့ တွေးထင်ခဲ့တာပါ။ ဒါပေမဲ့ သမိုင်းကြောင်း ပြန်ကြည့်ရင်တော့ စိတ်မသက်သာစရာပါ။

ကလပ်အသင်းရဲ့ ငါးပွဲဆက် အနိုင်မရတဲ့ အရှည်ကြာဆုံးစံချိန်ဟာ ရက်ပေါင်း ၉၀၂ ရက်အထိ ရှိခဲ့ပြီး ၁၉၉၉ ခုနှစ် ဇန်နဝါရီလကျမှ အဆုံးသတ်ခဲ့တာပါ။ အီလက်ကတော့ ဒီအချက်ကို မတွေးမိဖို့ပဲ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

“မေလတုန်းက ယူနိုက်တက်က အက်ဖ်အေဖလား ရထားတာဆိုတော့၊ ဒီစိန်ခေါ်မှု စလုပ်တုန်းက အသင်းရဲ့ အခြေအနေက ခဏတဖြုတ် စွမ်းဆောင်ရည်ကျရုံလောက်ပဲ တွေးထင်ခဲ့တာပါ။ တကယ်တမ်းမှာ ပိုဆိုးပြီး ဒီလောက် အကြာကြီး ဖြစ်သွားလိမ့်မယ်လို့လည်း ကျွန်တော် မထင်ထားတာ” လို့ သူက ပြောပါတယ်။

လတွေကုန်လွန်လာတာနဲ့အမျှ ဒီစိန်ခေါ်မှုဟာ ပုံစံပြောင်းလာပါတယ်။ ပေါ့ပေါ့ပါးပါး ဗီဒီယိုတခုက ယူနိုက်တက်ရဲ့ ရုန်းကန်နေရမှုအတွက် သင်္ကေတတခု ဖြစ်လာခဲ့တာပါ။ ဆိုရှယ်မီဒီယာပေါ်မှာ အီလက်ရဲ့ ဆံပင်ပုံတွေကို ဝေမျှနေကြတာက ယူနိုက်တက်တို့ ဘယ်လောက်အထိ ကျဆင်းသွားပြီလဲဆိုတာကို အပတ်တိုင်း သတိပေးနေသလို ဖြစ်နေခဲ့ပါတယ်။

“မန်ယူနိုက်တက်ဟာ ရှိသင့်တဲ့ နေရာမှာ ရှိမနေတာကို ကျွန်တော့်ဆံပင်တွေက မြင်သာအောင် ကိုယ်စားပြုနေတာပါ။ ဒီတော့ ကလပ်အသင်းဘက်က ကျွန်တော့်ကို ဘာလို့ အဆက်အသွယ် မလုပ်တာလဲဆိုတာကို နားလည်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ အသင်းရလဒ်တွေ ကောင်းလာရင်တော့ သူတို့ ဆက်သွယ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်" လို့ သူက ထည့်ပြောခဲ့ပါတယ်။

လူအများ စိတ်ဝင်စားမှုနဲ့အတူ ဝင်ငွေရလမ်းတွေ၊ ပိုမိုကျယ်ပြန့်တဲ့ ပျံ့နှံ့မှုတွေနဲ့ သူ မမျှော်လင့်ထားတဲ့ တာဝန်ယူမှုတွေပါ ကပ်ပါလာခဲ့ပါတယ်။

“အခုက ကျွန်တော့်တယောက်တည်းအတွက် မဟုတ်တော့ပါဘူး” လို့ သူက ပြောပါတယ်။ “ကျွန်တော့်နောက်ကို လိုက်ကြည့်နေသူတွေ အများကြီးရှိနေပြီ။ ကျွန်တော် ဒီအတိုင်း ရပ်လိုက်လို့ မရတော့ဘူး။”

အီလက်အနေနဲ့ အခုဆိုရင် စီးပွားရေးဆိုင်ရာ စုံစမ်းမေးမြန်းမှုတွေကို ကိုင်တွယ်ပေးမဲ့ အေးဂျင့်တယောက် ရှိနေပြီဖြစ်သလို၊ တနေ့တခြား ရှည်လာတဲ့ ဆံပင်ကတဆင့် ဝင်ငွေရှာရင်း နာမည်ကြီး မီဒီယာအမှတ်တံဆိပ်တွေနဲ့လည်း လက်တွဲနေပါတယ်။ ဒါ့အပြင် မီဒီယာတွေရဲ့ တောင်းဆိုမှုတွေကို ဖြေရှင်းပေးဖို့ နာမည်ရ ကုမ္ပဏီတခုနဲ့လည်း ချိတ်ဆက်ထားပါတယ်။

ဘယ်နေရာမှာ ဆံပင်ညှပ်ချင်လဲလို့ မေးမြန်းခဲ့ရာမှာတော့ အီလက်က သူ့စိတ်ထဲမှာ နေရာတခုပဲ ရှိတယ်လို့ BBC Sport ကို ဖြေခဲ့ပါတယ်။“ဆိုလိုတာကတော့ တကယ်လို သူတို (အသင်းဘက်က) ခွင့်ပြုမယ်ဆိုရင် အိုးလ်ထရက်ဖိုဒ်ကွင်းထဲမှာ ကစားသမားတွေထဲက တယောက် ဒါမှမဟုတ် တယောက်ယောက်က ကျွန်တော့်ဆံပင်ကို ညှပ်ပေးတာမျိုးပေါ့။ ဒါက တကယ်ကို အံ့ဩဖိုကောင်းမှာပါ။ ဒါပေမဲ့ အဲဒီအချိန်ရောက်လာမှပဲ ဘာဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာပေါ့” လို သူက ဆိုပါတယ်။

previous Post - နောက်ဆုံးတော့ ဆော်ဒီ တွေလည်း ရော်နယ်ဒိုရဲ့ အရှိန်အ၀ါကိုဒူးထောက်ခဲ့ရပါပြီ

လီဗာပူးလ်တို့ အမှတ်လျော့မှုကြောင့် ယူနိုက်တက်အတွက် ချန်ပီယံလိဂ်ဝင်ခွင့် လမ်းကြောင်း ပိုမိုသာယာလာ

ကာရစ်ဟာ ဇီဒန်းနဲ့ ဂွာဒီယိုလာတို့လို အောင်မြင်မှာပါ

ထိုင်းရောက်မြန်မာသတင်းများဖတ်ရန်

ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက

Comments