ဥရောပစူပါလိဂ်စီမံကိန်းကို ဘာစီလိုနာ စွန့်ခွာ၊ ရီးယဲလ် တသင်းတည်းသာ ဆက်လက်ထောက်ခံ
YGN TH, Myanmar Game Streamer, Trusted Game Site Myanmar (ယုံကြည်စိတ်ချရသော ဂိမ်းဆိုက်), YGN Slot, Online Slot Myanmar, Streamer Big Win, Real Money Gaming, Football Betting Myanmar, Malay Odds (မလေးကြေး), Mix Parlay Myanmar (ဘောလုံးမောင်း, Body Betting (ဘောလုံးဘော်ဒီ), Online Betting Website, High Odds, Live Betting
ဘာစီလိုနာဟာ ဥရောပစူပါလိဂ်အစီအစဉ်ကနေ နုတ်ထွက်လိုက်တဲ့ နောက်ဆုံး ထိပ်သီးဘောလုံးကလပ်အသင်း ဖြစ်လာခဲ့ပါတယ်။
တချိန်က ဘာစီလိုနာဟာ ရီးယဲလ်မက်ဒရစ်နဲ့အတူ လက်ရှိ ချန်ပီယံလိဂ်ပြိုင်ပွဲကို ယှဉ်ပြိုင်နိုင်မယ့် ပြိုင်ပွဲသစ်တခု ပေါ်ပေါက်လာဖို့အတွက် ရှေ့တန်းကနေ ဦးဆောင်ကြိုးပမ်းခဲ့ကြတာပါ။ ဒါပေမဲ့ စနေနေ့ ထုတ်ပြန်ချက်မှာတော့ ဘာစီလိုနာဟာ အငြင်းပွားဖွယ် စီမံကိန်းမှာ ဆက်ပြီးပါဝင်တော့မှာမဟုတ်ကြောင်း တရားဝင် အတည်ပြုလာပါတယ်။
“ဘာစီလိုနာအသင်းအနေနဲ့ ဥရောပစူပါလိဂ်စီမံကိန်းကနေ နုတ်ထွက်ကြောင်း ဥရောပစူပါလိဂ်ကုမ္ပဏီနဲ့ သက်ဆိုင်ရာ အသင်းတွေဆီကို ဒီနေ့မှာ တရားဝင် အကြောင်းကြားလိုက်ပါတယ်။” လို့ ချန်ပီယံလိဂ် ငါးကြိမ်ဆွတ်ခူးထားတဲ့ ကတ်တလန်ကလပ်က ပြောပါတယ်။
ယခုအခါ ဘာစီလိုနာ နုတ်ထွက်လာမှုနဲ့အတူ ၂၀၂၄ ခုနှစ်မှာ ယူနီဖိုင်လိဂ် (Unify League) လို့ အမည်ပြောင်းလိုက်တဲ့ စူပါလိဂ်စီမံကိန်းမှာ တသင်းတည်းသောအသင်းအဖြစ် ရီးယဲလ်မက်ဒရစ်သာ ကျန်ပါတော့တယ်။
စူပါလိဂ်အစီအစဉ်ကို ၂၀၂၁ ခုနှစ်မှာ ပထမဆုံး ကြေညာခဲ့တာပါ။ ယင်းရဲ့မူလစီမံကိန်းမှာတော့ ဥရောပရဲ့ သမိုင်းအစဉ်အလာ အကြီးမားဆုံး ကလပ် ၁၂ သင်းက ဦးဆောင်ပြီး အသင်း ၂၀ ပါဝင်မယ့် အဆင့်မြင့် ထိပ်တန်းပြိုင်ပွဲသစ်တခု ဖန်တီးဖို့ ရည်ရွယ်ခဲ့တာပါ။
အဲဒီမူလအုပ်စုထဲမှာ ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ အက်သလက်တီကို၊ မန်ချက်စတာယူနိုက်တက်၊ မန်ချက်စတာစီးတီး၊ လီဗာပူးလ်၊ အာဆင်နယ်၊ ချယ်လ်ဆီး၊ တော့တင်ဟမ်၊ ဂျူဗင်တပ်စ်၊ အေစီမီလန်နဲ့ အင်တာမီလန်တို့ ပါဝင်ခဲ့ကြပါတယ်။
အဆိုပါ အဆိုပြုချက်အရဆိုရင် ထိပ်တန်း ၁၅ သင်းဟာ တန်းဆင်း အန္တရာယ်ကနေ ကင်းလွတ်ခွင့်ရမှာဖြစ်သလို ဥရောပရဲ့ အဆင့်မြင့်ဆုံးကလပ်ပြိုင်ပွဲဖြစ်တဲ့ ချန်ပီယံလိဂ်ကိုလည်း ထိထိရောက်ရောက် အစားထိုးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အသင်းတွေဟာ ပြည်တွင်းပြိုင်ပွဲတွေမှာ ဘယ်လိုပဲ ရလဒ်ဆိုးပါစေ (စူပါလိဂ်ထဲကို) ဝင်ခွင့်ရဖို့ အာမခံချက်ရှိနေတာကြောင့် ပြည်တွင်းလိဂ်တွေအပေါ်မှာလည်း ထိခိုက်လာနိုင်တဲ့ အလားအလာ ရှိနေခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ပရိသတ်တွေရဲ့ အပြင်းအထန် ကန့်ကွက်မှုတွေကြောင့် ကလပ်အသင်းအများစုဟာ ချက်ချင်းဆိုသလို နောက်ဆုတ်သွားခဲ့ကြပါတယ်။ ၂၀၂၃ ခုနှစ်မှာ ဂျူဗင်တပ်အသင်း ထပ်မံနုတ်ထွက်သွားပြီးတဲ့နောက်မှာတော့ မက်ဒရစ်နဲ့ ဘာစီလိုနာတို့ နှစ်သင်းတည်းသာ လူသိရှင်ကြား ဆက်လက်ထောက်ခံနေခဲ့တာဖြစ်ပါတယ်။
အဲဒီနှစ် နှောင်းပိုင်းမှာ ဥရောပသမဂ္ဂ တရားရုံးချုပ်က ဘောလုံးအဖွဲ့ချုပ်တွေဖြစ်တဲ့ UEFA နဲ့ FIFA တို့ဟာ စူပါလိဂ်အစီအစဉ်ကို တားဆီးရာမှာ ဥရောပသမဂ္ဂရဲ့ ပြိုင်ဆိုင်မှုဆိုင်ရာ ဥပဒေကို ဆန့်ကျင်ပြီး လုပ်ဆောင်ခဲ့တယ်လို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ မက်ဒရစ်အခြေစိုက် စူပါလိဂ်မြှင့်တင်ရေးအဖွဲ့ A22 Sports Management က ပုံစံသစ်နဲ့ ကျင်းပမယ့် ပြိုင်ပွဲအစီအစဉ်တွေကို ထုတ်ဖော်ပြသခဲ့ပေမဲ့လည်း၊ ဘာစီလိုနာအသင်း နုတ်ထွက်တာဟာ ချန်ပီယံလိဂ်နဲ့ စင်ပြိုင်မယ့် ပြိုင်ပွဲသစ်တခု ဖန်တီးရေး ၎င်းရဲ့မျှော်လင့်ချက်တွေအတွက်တော့ နောက်ထပ်ထိုးနှက်ချက်တခု ဖြစ်သွားခဲ့ပါတယ်။
previous Post - ဆော်ဒီလိဂ်က အယ်လ်နာဆာ နဲ့ အယ်လ်ဟီလာတို့ဆိုတာ ပရီးမီးယားလိဂ်က မန်စီးတီး နဲ့ အာဆင်နယ်တို့လိုပါပဲ
'ရှာကီရဲ့သွင်းဂိုးကို ဘာကြောင့် ခွင့်မပြုခဲ့တာလဲ'
မန်ယူနဲ့ တကယ်ေ၀းသွားရပြီဖြစ်တဲ့ လီပါပူး
ထိုင်းရောက်မြန်မာသတင်းများဖတ်ရန်
ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက
Comments
Post a Comment